Wednesday, January 23, 2013

အသည်းကွဲ ဂျလေဘီ အိမ်မက် . . .

မင်းလေးသာ ပျော်မယ်ဆိုရင်
ငါ့ဘ၀ အပါအ၀င် မင်းကို ပါ စွန့်လွတ်ရဲတယ်
ဒါဆို ကလေးရယ် မင်းသိပါတယ်
ကလေးကို ပိုင်ဆိုင်ချင်တာထက်
ကလေးကို  ပျော်စေချင်တာပါ
မင်းလေးသာပျော်မယ်ဆိုရင်
အရင်အတိတ် ပျော်ရွှင်ချိန်လေးတွေကို
ပြန်တွေးပူဆွေးကာမနေချင်ဘူး
ဘာလို့လည်းဆိုတော့
ပြန်တွေလိုက်ရင် ပျော်မြူးခဲ့ အရင်အချိန်လေးတွေ
ကုန်ဆုံးသွားမှာဆိုးလို့ပါ  ကလေးရာ
အစ်ကိုနဲ့ပတ်သတ်ပြီး
ကလေး မျက်ရည် မကျပါနဲ့တော့နော်
ဘာလို့လည်းဆိုတော့
ငါ့လို အစစအရာရာ မှာ မပြီးပြည့်စုံနိုင်တယ့်
သူရဲ့ရင်ခွင်မှာ ကလေး သာယာနေရင်
ကလေးရဲ့ လှပတယ့် အနာဂတ်လေးတွေ
ပျောက်ပျက် သွားမှာကို မလိုလားဘူး
ကလေးကို ဒီလိုပြောတာဟာလည်း
ကလေးကိုနှင်ထုတ်တာမဟုတ်ပါဘူး
ဒီဂျလေဘီရဲ့ရင်မှာ ချစ်တာကလွဲရင် ကလေးကို
ဘာမှမပေးနိုင်ခဲ့ဘူး
ဒါပေမယ့် ပေးခဲ့တယ့် အချစ်တွေကလည်း
ဖြူစင်နေဆဲပါ
ကလေး ဂျလေဘီရဲ့ အစစအရာရာမှာ
သာတယ့်သူကိုတွေ့မှာပါ
လိုချင်တာအရရင်လည်း ကလေးရဲ့
ဘဲဘဲကို အရင်ကလို စိတ်မကောက်ပါနဲ့နော်
ညံ့ဖျင်းတယ့်သူတစ်ယောက်ကို
ထားသွားဖို့အချိန်တန်နေပြီမို့
Bye ဆိုတယ့် စကားလေးနဲ့နှုတ်ဆက်မသွားပါနဲ့
ဘာလို့လည်း ဆိုတော့ ကလေးမမြင်နိုင်တယ့်
ဒီဂျလေဘီရဲ့ရင်ထဲကအချစ်တွေက
မျက်ရည်အဖြစ်ပြောင်းလဲပြီ
ကျလာတာကို ကလေး မြင်သွားရင်
ဝမ်းနည်းမှာဆိုးလို့ပါနော်
(ကလေးရဲ့ကိုကို  သို့   )

No comments:

Post a Comment